Solar Charger
လက် ရှိ ဒီ နေရောင် နဲ့ အား သွင်း တာ ဆို ပြီး ဖုန်း ကို နေပူ ထဲ ထားလို့ LCD ပျက် တဲ့ ဖုန်း တွေ များ နေ ပါတယ်
ဒီ app ကို အောက် မှာ funny လို့ ရေး ထား တာ ကို မဖတ် ကြပဲ ဘာ မှ မစဉ်းစား ပဲ အဟုတ် မှတ် နေ ပြီးစမ်းကြ ရင် ပျက်စီး မှု တွေ ဖြစ် ပေါ် စေပါတယ် ။တခြား Charger တွေ အများကြီး ရှိပါသေး တယ်အကုန် လုံး စ ဖို့ သက်သက်ထုတ် ထား တာ ပါ အစစ် အမှန် မဟုတ် ပါဘူး ။Launcher များ ကို လဲ သုံးသင့် ဘူး လို့ ယူ ဆ ပါတယ်
နဂို ထက် ပို လေး စေ ပါတယ်။ရေရှည် မှာ ကောင်း ဖို့ ထက် ဆိုးဖို့ ပို များပါတယ်ပြောသာ ပြော ရတာ ဆိုင်လာတဲ့
ဖုန်း ၁၀ လုံး မှာ ၆ လုံး လောက် က Launcher တွေသုံး ကြပါတယ်။အထူး သဖြင့် Go Launcher ပါ ။အဲ့ ဆော့ဝ် က တခြား မူရင်း ဆော့ဝ် နဲ့ ညှိ ပြီး ဖုန်း ဆော့ဝ် ကြောင် သလိုဖြစ် တာတွေ လဲ ရှိ ပါတယ် ။
Cpu
နောက် တစ်မျိုး က တော့ cpu speed ကို မြင့် ပေးတဲ့ ဆော့ဝ် ပါ ။Root လုပ် မှ ရတာ နဲ့ root မလို တာ နှစ် မျိုးရှိ ပါတယ် ဘယ် ဟာ ဖြစ်ဖြစ် မသုံးသင့် ပါဘူး ။ cpu speed ခဏ နဲ့ ကျ သွား နိုင် ပါတယ် ။ကျ သွား ရင် ဖုန်းကလေး တာ တွေ ဟန်းတာ တွေ ဖြစ် လာ နိုင်ပါတယ် ။ဆော့ ၀် နာမည် က အမျိုးမျိုး ထွက် တာ ကြောင့် CPU speed ကို
မြင့်ပေး တဲ့ ဘယ်ဆော့ဝ် ကို မှ မသုံး ကြ ပါနဲ့ လို့ အကြံ ပေးချင်ပါတယ် ။တခြား မိမိ မလိုအပ် တဲ့ ဆော့ဝ် များ Antivirus ဆော့ဝ် များ ကိုဖျက်ထား ပါ ခြင်းဖြင့် လဲ ဖုန်း ကို ကြာ ရှည် အသုံးပြု နိုင်အောင် ဂရုစိုက် သင့် ပါတယ်
Virus က Android အတွက် နည်းပါတယ် ။များ သောအား ဖြင့် ဆော့ဝ် ကြောင် ခြင်း ကို လူတွေ အများစု က Virus ကိုက်တယ် ထင် နေကြတာပါ ။Antivirus ဆော့ဝ်က နောက်ကွယ် က နေ လိုက်စစ် ပေးနေ တော့ ဖုန်း ကို လေး စေ ပါတယ် ။မိမိ မသုံး ဖြစ် သော ဆော့ဝ်များ ဖြတ် ထားခြင်း ဖြင့် ဖုန်း ကို မြန်ဆန် စွာ ကြာကြာ သုံး ရပါတယ် ။ကျွှန်တော် ရဲ့ ဖုန်း ထဲ မှာ ဆို အမြဲ သုံးတဲ့ ဆော့ဝ် ၄ ခု လောက် က လွဲ ပြီး မထည့် ထားပါဘူး ဆော့ဝ်တွေ များများ ထည့် တာကို တချို့ က ဂုဏ် ယူ နေ ကြပါတယ် ။ တကယ် က တော့ ကိုယ့် ဖုန်း ကို မြန်မြန် လုပ် နိုင် ဖို့ က အဓိက လို့ ပဲ ထင်ပါတယ် ။ ဆော့ဝ် ၂၀ ထည့် ထားလို့ တကယ် ဆော့ ဖြစ် သုံး ဖြစ် တာ ၅ ခု ထက် မပို ပါဘူး ။ အကောင်ဆုံး နည်းက တော့ install ဖိုင် တွေ ကို မန်မိုရီ ကဒ် ထဲ မှာ ထည့် ထားပြီး လိုချင် တာသွင်း လိုက် ။ဆော့လို့ ၀ ရင်ပြန် ဖျက် လိုက် လုပ် ပါ ။ Android ကိုင် တဲ့ သူ တိုင်း ဒီ ပိုဒ် လေး ဖတ်ပြီး အသိပညာ တစ်ခု ရသွားရင် ကျေနပ်ပါတယ် ။
credit by မိုဘိုင်းနည်းပညာနယ်ပယ် & ကိုရဲရင့်အောင်

Comments
Post a Comment