တော်လှန်ရေးမှာ ရုပ်သံမှ ထုတ်လွင့်ပြသရန် ဖြစ်နိုင်လိမ့်မည် မဟုတ်၊ သို့သော် tweet လုပ်နိုင်သည်။
Instant message မှ အချက်အလက်များကို ရယူနိုင်သည်။ ရုပ်သံမှ ထုတ်လွင့်ပြသရန် ဖြစ်နိုင်လိမ့်မည် မဟုတ် ဆိုပင်ဆိုငြားသော်လည်း FireChat ဟုခေါ်သော app များဖြင့် ကွန်ရက်မှတစ်ဆင့် ရုပ်သံပင် ကြည့်နိုင်မည်။
Instant message မှ အချက်အလက်များကို ရယူနိုင်သည်။ ရုပ်သံမှ ထုတ်လွင့်ပြသရန် ဖြစ်နိုင်လိမ့်မည် မဟုတ် ဆိုပင်ဆိုငြားသော်လည်း FireChat ဟုခေါ်သော app များဖြင့် ကွန်ရက်မှတစ်ဆင့် ရုပ်သံပင် ကြည့်နိုင်မည်။
ယခင်က ရုပ်သံထုတ်လွင့်မှုမှာ ရုပ်သံလွှင့်သောဌာနများမှ ထုတ်လွင့်ပြသမှသာ ကြည့်နိုင်သည်။ ထိုစနစ်ကို စမတ်ဖုန်းနည်းပညာက ရိုက်ချိုးပစ်လိုက်သည်။ ‘Off-the-grid’ smartphone app ဖြစ်သော FireChat ကို
ဟောင်ကောင်ရှိ ဒီမိုကရေစီလိုလားသူများက နည်းပညာ လက်နက်အဖြစ် စွဲကိုင်လာကြသည်။ ၎င်းနည်းပညာကို လူထုလှုပ်ရှာမှုများ၊ ဆန့်ကျင် ကန့်ကွက်သူများနှင့် ကန့်ကွက်ဆန္ဒပြသူများ၏
လက်စွဲတော် အစွမ်းထက် လက်နက်ဖြစ်လာသည်။ဟောင်ကောင်ရှိ ဒီမိုကရေစီလိုလားသူများက နည်းပညာ လက်နက်အဖြစ် စွဲကိုင်လာကြသည်။ ၎င်းနည်းပညာကို လူထုလှုပ်ရှာမှုများ၊ ဆန့်ကျင် ကန့်ကွက်သူများနှင့် ကန့်ကွက်ဆန္ဒပြသူများ၏
အဆိုပါ app မှာ အင်တာနက်ကို မသုံးစွဲဘဲ Bluetooth သို့မဟုတ် Wi-Fi တို့ကဲ့သို့သော ဖုန်းတစ်လုံးနှင့် အခြားတစ်ခုကြားရှိပြီးသား ကွန်ရက်မျိုးများကို သုံးစွဲ၍ ကိုယ်ပိုင်ကွန်ရက် ဖန်တီးကာ အလုပ်လုပ်နိုင်သည်။
မိုဘိုင်းနှင့် အင်တာနက် ကွန်ရက်စနစ်များနှင့် မတူသည့်အချက်မှာ သုံးစွဲသူများလာပါက အဆိုပါ စနစ်များမှာ နှေးကွေး လေးလံလာခြင်းနှင့် လိုင်းပြုတ်ကျသွားခြင်းများ ဖြစ်လာနိုင်သော်လည်း FireChat ကဲ့သို့သော mesh network မှာ သုံးစွဲသူများလေ လုပ်ကိုင်ဆောင်ရွက်မှုအပိုင်း ပိုကောင်းလေ ဖြစ်သည်။
‘‘ဒါကို ဘာကြောင့် သုံးစွဲဖို့ ဖြစ်လာသလဲဆိုတော့ ကျွန်တော်တို့ ဆန္ဒပြတဲ့နေရာမှာ လူတွေက အရမ်းကိုများတယ်။ ဒီလိုလူတွေ အများအပြားရှိတာကြောင့် ကွန်ရက်တွေက နှေးသွားပါတယ်။ ဒါကြောင့် ဒီ app မဖြစ်မနေ သုံးစွဲဖို့ဖြစ်လာတာပါ’’ ဟု Occupy Central ၏ ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူ Pamela Lam မှပြောသည်။ FireChat မှာ အလုပ်လုပ်ရန် အင်တာနက်နှင့် အချက်အလက်များ မလိုအပ်ချေ။ ထို့အတွက်ကြောင့် လူအများစုမှာ ၎င်းကို download ဆွဲ၍ သုံးစွဲလာကြခြင်းဖြစ်သည်။
Open Garden ဟုအမည်ရသော application ကို တီထွင်ဖန်တီးသော ကုမ္ပဏီမှ ဦးဆောင်၍ ၎င်း၏ လူကြိုက်များ ရေပန်းစားနေသော အဆိုပါ app ဖြင့် ဦးဆောင်နေရာ ရရှိရန်အတွက် ကြိုးပမ်းနေရသည်။ ဟောင်ကောင်မှတစ်ဆင့် ကျန် ကမ္ဘာ့အစိတ်အပိုင်းများသို့ အဆိုပါ app အသစ်ကို ပျံ့နှံ့သွားရေရန် အတွက် စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်ရန် လုပ်ဆောင်နေသည်။
မမျှော်လင့်သောအောင်မြင်မှု
===================
===================
Firechat ကို ယခုနှစ် မတ်လ၌ စတင်ခဲ့ခြင်း ဖြစ်သော်လည်း သုံးစွဲသူဦးရေမှာ မပြောပလောက်ဘဲ ကွက်တိကွက်ကျား ဖြစ်နေခဲ့သည်။
ဒီမိုကရေစီအရေး လှုပ်ရှားသည့်ကာလဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာလ ၁၀ ရက် အထိ နှစ်ပတ်အတွင်း၌
ဟောင်ကောင် တစ်ခုတည်းမှပင် ဝန်ဆောင်မှုကို မှတ်ပုံတင်၍ download ရယူမူပေါင်းမှာ ၅၀၀,၀၀၀ ရှိသည်။ အဆိုပါ download ပြုလုပ်မှုပေါင်းမှာ Android တွင် ၆၁ ရာခိုင်နှုန်း နှင့် iOS တွင် ၃၉ ရာခိုင်နှုန်း အသီးသီးရှိကြသည်။
ဒီမိုကရေစီအရေး လှုပ်ရှားသည့်ကာလဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာလ ၁၀ ရက် အထိ နှစ်ပတ်အတွင်း၌
ဟောင်ကောင် တစ်ခုတည်းမှပင် ဝန်ဆောင်မှုကို မှတ်ပုံတင်၍ download ရယူမူပေါင်းမှာ ၅၀၀,၀၀၀ ရှိသည်။ အဆိုပါ download ပြုလုပ်မှုပေါင်းမှာ Android တွင် ၆၁ ရာခိုင်နှုန်း နှင့် iOS တွင် ၃၉ ရာခိုင်နှုန်း အသီးသီးရှိကြသည်။
‘‘ကျွန်တော်တို့က ဒီလိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားမိပါဘူး။ ဒီလိုဖြစ်လာတော့ အရမ်းကို အံ့သြ ဝမ်းသာဖြစ်ရပါတယ်’’ ဟု CNN ကို FireChat ၏ ဈေးကွက်ဖော်ဆောင်ရေးဌာနမှ အကြီးအကဲဖြစ်သူ Christophe Daligault မှပြောလာသည်။ ၎င်းက ဆက်လက်၍ ‘‘ကျွန်တော်တို့ မြင်လိုက်ရတာကတော့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုထဲကို အလွန်ကိုကြီးမားတဲ့ လှိုင်းလုံးကြီးတွေ တစ်လိမ့်လိမ့် တက်လာနေတယ် ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ အမှန်တကယ်ကိုလည်း ကြီးမားတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပျက်နေတယ်လို့လည်း ကျွန်တော်တို့ သတိပြုမိလိုက်ကြပါတယ်’’ ဟုဆိုလာသည်။
ထိုသို့ ကမ္ဘာတစ်ဝန်း၌ တစ်ရှိန်ထိုး ထိုးတက်လာခြင်းမှာ အကြောင်းနှစ်ခု ရှိကြောင်းနှင့် ပထမအကြောင်းမှာ ဟောင်ကောင်၌ ဖြစ်ပျက်နေသည့်
နောက်ဆုံးပေါ်အချက်အလက်များကို ရယူချင်သူများရှိ၍ ဖြစ်ကြောင်းနှင့် ဒုတိယအကြောင်းမှာ ဘာတွေ ဖြစ်ပျက်နေကြသည်ကို သိချင်မြင်ချင်ရုံမျှ သိမြင်လိုသည့် သူများကြောင့်ဖြစ်ကြောင်း Christophe Daligault မှ သူ့အမြင်ကို ပြောကြားလာသည်။
နောက်ဆုံးပေါ်အချက်အလက်များကို ရယူချင်သူများရှိ၍ ဖြစ်ကြောင်းနှင့် ဒုတိယအကြောင်းမှာ ဘာတွေ ဖြစ်ပျက်နေကြသည်ကို သိချင်မြင်ချင်ရုံမျှ သိမြင်လိုသည့် သူများကြောင့်ဖြစ်ကြောင်း Christophe Daligault မှ သူ့အမြင်ကို ပြောကြားလာသည်။
လက်ရှိ၌ အဆိုပါ လှုပ်ရှားမှုကို ထောက်ခံသော ဟောင်ကောင်နှင့် အလွန်ဝေးကွာသည့် ဒေသများ၌ ရှိသည့် သြစတေးလျနှင့် အမေရိကန်နိုင်ငံရှိ တရုတ်ဘာသာစကား သုံးစွဲသူများမှ အဆိုပါ app ကို ရယူနေကြသည်။
အလွန်ကိုမယုံကြည်နိုင်အောင်ကြီးမားသည့် မက်ဂါဖုန်း
====================================
====================================
အခြားသော messaging application များနှင့် မတူညီသည့်အချက်မှာ FireChat မှာ သုံးစွဲသူ အဝန်းအ၀ိုင်းကို ကန့်သတ်ထားခြင်းမရှိသည့် အချက်ဖြစ်သည်။ FireChat သုံးစွဲသူတိုင်းမှ လူတိုင်းမြင်တွေ့နိုင်သည့် အခွင့်အရေးကို ယူဆောင်လာသည်။
‘‘ဒါဟာ အလွန်ကို မယုံကြည်နိုင်အောင် ကြီးမားတဲ့ မက်ဂါဖုန်း တစ်ခုနဲ့ တူနေပါတယ်’’ ဟု၍သူကပြောလာသည်။
‘‘ခင်ဗျားကနေရာတစ်ခုမှာ ရောက်နေမယ် ပြီးတော့သောက်စရာရေ လိုနေမယ် ဆိုပါတော့ဗျာ။ ခင်ဗျားရောက်နေတဲ့ နေရာကို အတိအကျပြောပြီး ရေလိုနေတယ်လို့သာ ပြောလိုက် ခင်ဗျားမသိတဲ့ သူတစ်ယောက်က ခင်ဗျားလိုချင်တဲ့ အဖြေကိုပေးလိမ့်မယ်။ ဒီလိုမျိုးတွေက Facebook ဒါမှမဟုတ် Whatsapp တို့လို app တွေမှာ မလုပ်နိုင်ဘူး။ သူတို့မှာက မြင်တွေ့နိုင်တဲ့ လူတွေက အကန့်အသတ်နဲ့ ရှိနေပြီး ခင်ဗျားရောက်နေတဲ့နေရာနဲ့လည်း ခပ်ဝေးဝေးမှာ ရှိနိုင်နေပါလိမ့်မယ်’’ ဟု Open Garden ၏ co-founder နှင့် စီအီအို ဖြစ်သူ Micha Benoliel က အဆိုပါဝန်ဆောင်မှု အကြောင်းကို ပြောသည်။
စစ်မှန်သောအသံများ
==============
==============
Occupy လှုပ်ရှားမှုကို ဆန့်ကျင်သူများအပါအဝင် အဆိုပါ လှုပ်ရှားမှုကို ပြုလုပ်သူများကပါ လိုင်းကျပ်တည်းမှု အကြောင်းကို ပြောကြားစဉ်အချိန်များ ကတည်းက FireChat မှ မည်သည့် သုံးစွဲသူတစ်ဦး သို့မဟုတ် အုပ်စုတစ်ခုထံမှ ထွက်လာသည့် မက်ဆေ့ခ်ျများဖြစ်ကြောင်းကို အတည်ပြုသည့် verification component ပေါင်းထည့်ပေးလာသည်။
FireChat မှာ ဟောင်ကောင်မှ ရွေးချယ်သုံးစွဲမှုအများဆုံး app (app of choice) ဖြစ်လာပြီး တရုတ်တိုင်ပေရှိ ယခုနှစ်အစောပိုင်းက ကန့်ကွက်ဆန္ဒပြသူများ အောင်မြင်လာသကဲ့သို့ အလားသဏ္ဍာန်တူစွာ အောင်မြင်လာသည်။ Christophe Daligault မှ ၎င်းတို့ app မှာ ကန့်ကွက်ဆန္ဒပြသူများ သုံးစွဲရန် ရည်ရွယ်၍ ဒီဇိုင်းရေးဆွဲထားသည့် messaging tool မဟုတ်ကြောင်း ပြောသည်။
‘‘ကျွန်တော်တို့ ဒီဝန်ဆောင်မှုကို ရည်ရွယ် ထုတ်လုပ်ထားရခြင်း အကြောင်းက ဘာလဲဆိုတော့ ဆက်သွယ်ဆောင်ရွက်မှု နှေးကွေးတဲ့နေရာတွေနဲ့ လူဦးရေသိပ်သည်းတဲ့ နေရာတွေမှာ သုံးစွဲဖို့အတွက်ပဲ ဖြစ်ပါတယ်။ နယူးဒေလီနဲ့ မက္ကဆီကို မြို့တွေလို နေရာတွေမှာ သုံးစွဲဖို့ ထုတ်လုပ်ထားတာပါ’’ ဟု ၎င်းမှပြောသည်။
ပိုမိုရွေးချယ်နိုင်သည်
=============
=============
FireChat မှာ လက်ရှိအချိန်၌ Serval Mesh, Commotion နှင့် Storymaker တို့ကဲ့သို့သော mesh-network ဝန်ဆောင်မှုလောကထဲရှိ app များထဲမှ တစ်ခုအပါအဝင် ဖြစ်လာသည်။ ရုရှား၏ mesh-networking app ဖြစ်သော Telegram မှာ တောင်ကိုရီယား၌ သုံးစွဲနေခဲ့ပြီး မေလပိုင်းတွင် ကိုရီယား၌ homegrown messaging ဝန်ဆောင်မှု Kakao Talk ပျံ့နှံ့လာပြီး နောက်ပိုင်း အစိုးရပိုင်းမှ ကောလဟာလများကို တုန့်ပြန်သည့် အနေဖြင့် ဖြုတ်ချခဲ့သည်။
လက်ရှိ၌ လူပေါင်း ၃၅ သန်းကျော်ခန့်မှ ဝန်ဆောင်မှုကို သုံးစွဲနေပြီဖြစ်ပြီး မက်ဆေ့ခ်ျပို့ခြင်းနှင့် အာလာပသလ္လာပ ပြောဆိုခြင်း (chat) ပြုလုပ်ခြင်းတို့၌ သုံးစွဲသူများအတွက် အလွန် လွယ်ကူသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မက်ဆေ့ခ်ျ ပို့ခြင်း (Private messaging) မှာလည်း FireChat ၏ ရွေးချယ်စရာများ (options) ထဲမှ တစ်ခုဖြစ်လာသည်။
‘‘ကျွန်တော်တို့က Private messaging ကို လျှို့ဝှက်ကုတ် (encryption) နဲ့ သုံးနိုင်အောင် လုပ်ပေးနေပါတယ်။ ဒီလို ဖြစ်လာဖို့အတွက်ကတော့ တစ်ပတ်နှစ်ပတ်လောက် အချိန်အတွင်းမှာ ဖြစ်လာနိုင်မှာမဟုတ်ဘဲ လအတော်များများလောက် အချိန်ယူရပါမယ်။ ဒီ app ကိုလုပ်ရတာက အခြား ဆက်သွယ်ရေးဆိုင်ရာ app တွေထက် ပိုခက်လို့ ဒီလောက် အချိန်ယူတာ ဖြစ်ပါတယ်။’’ ဟု Daligault မှဆိုသည်။
‘‘တကယ်လို့များ သင်ဟာ သင့်ရဲ့လူတွေနဲ့ FireChat မှာ ဆွေးနွေးမှုပြုလုပ်နေတယ်ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက သင့်ရဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေမှာ ဘယ်နေရာက အားနည်းနေတယ် ဆိုတာကို သိနိုင်မှာဖြစ်တယ်’’ ဟု ဟောင်ကောင်အခြေစိုက် ကျောင်းသားတစ်ဦးဖြစ်သော Michelle Zheng မှ ပြောသည်။
FireChat ၌ရှိသော အဓိကပြသနာမှာ သုံးစွဲနေသောသူ၏ ပတ်လည်၌ ရှိသော ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူတိုင်းမှ သင်ပေးပို့လိုက်သော မက်ဆေ့ခ်ျများကို ရရှိနေခြင်းဖြစ်သည်။
Ref & Credit: Internet Journal
Comments
Post a Comment