ကျွန်တော်တို့ Android ဖုန်းတွေမှာ Original ပါတဲ့ Gmail app ပဲဖြစ်ဖြစ် Gapp
installerတွေနဲ့ ကိုယ့်ဖာသာ ထည့်ထားတဲ့
Gmail app ပဲဖြစ်ဖြစ် အကောင့်ဖွင့်တဲ့အခါ
installerတွေနဲ့ ကိုယ့်ဖာသာ ထည့်ထားတဲ့
Gmail app ပဲဖြစ်ဖြစ် အကောင့်ဖွင့်တဲ့အခါ
အကောင့်ဆယ်ခုလောက်ဖွင့်ပြီးရင်အကောင့်
သစ်ထပ်ဖွင့်လို့မရတော့ပါဘူး။
တစ်ခါတစ်လေမှာလုပ်ပြီးသားအကောင့်ကို
sign in ဝင်တာတောင်မှပဲဝင်လို့မရတတ်
တော့ပါဘူး။အဲဒီလိုပြဿနာမျိုးကို Gmail
အကောင့်တွေအများကြီးလုပ်တတ်တဲ့သူတိုင်း
ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။
အဲဒီပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းကိုဖေ့
ဘုတ်ကနည်းပညာGroup တစ်ခုမှအကိုတစ်
ယောက်ကပြောပြတဲ့အတွက် ပြန်လည်ဝေမျှ
လိုက်ရပါတယ်။
Gmail အကောင့်သစ်ထပ်ဖွင့်လို့မရတော့တဲ့
ပြဿနာကိုဖြေရှင်းဖို့အတွက်
ပထမဆုံးအနေနဲ့ Setting ထဲက ACCOUNTS
ဆိုတဲ့ ခေါင်းစဉ်အောက်က Google ဆိုတဲ့
အထဲကိုဝင်ပါ။အဲဒီထဲမှာလုပ်ပြီးသား Gmail
အကောင့်တွေရှိတယ်ဆိုရင်အားလုံးကို
Remove account လုပ်ပါ။
ဒုတိယအနေနဲ့ကတော့
Setting >>Manage apps >> ALL ကို
သွားပါ။ Gmail app နဲ့ Google Account Manager နဲ့ Google Services
Framework တို့ကို Clear data လုပ်ပေး
လိုက်ပါ။
တတိယအနေနဲ့တော့ဖုန်းကို Restart ချပေး
လိုက်ပါ။အဲဒါဆိုရင် Gmail အကောင့်အသစ်
တွေပြန်ဖွင့်ဖို့အတွက်လုံးဝကိုအဆင်ပြေသွား
ပါပြီခင်ဗျာ။
အခုရေးပြခဲ့တဲ့နည်းလမ်းလေးကိုမသိခင်က
ပေါ့ဗျာ။အဲဒီလိုပြဿနာမျိုးကြုံတာနဲ့ Gmail
အကောင့်သစ်တွေပြန်ဖွင့်နိုင်ဖို့အတွက်ကျွန်
တော်ဟာ Factory data reset ချတဲ့နည်းနဲ့ပဲ
ဖြေရှင်းနေရပါတယ်။ကျွန်တော်ဟာ G mail
အကောင့်တွေ အများကြီး လုပ်တတ်သူဆို
တော့Gmail အကောင့်သစ်ဖွင့်လို့မရတော့တဲ့
အခါတိုင်းပဲ ကျွန်တော့်ရဲ့ဖုန်းကို reset ချနေရ
တော့ Contacts တွေ data တွေကို Backup
ဆွဲရ Restore ပြန်ပြီးလုပ်ရနဲ့ ခဏတိုင်းဒုက္ခ
များနေခဲ့ရပါတယ်။
အခုတော့ Factorydata reset ချစရာမလိုပဲ
ဖြေရှင်းလို့ရတဲ့နည်းလမ်းကိုသိရပြီ ဆိုတော့
အဲဒီဒုက္ခတွေမရှိတော့ဘူးပေါ့ဗျာ။
ကျွန်တော့်လို Gmail အကောင့်တွေအများကြီး
လုပ်တတ်သူတွေအတွက်ဒီပိုစ့်လေးကထဲက
နည်းလမ်းလေးတွေကအကျိုးရှိစေမယ်လို့်မျှော်
လင့်ပါတယ်။

Comments
Post a Comment