ကျွန်တော်ဟာ လူသားအားလုံးကို တတ်တတ်ကြွကြွနဲ့ ဘ၀ကို တိုးတတ်စေချင်တဲ့ အတွက် ကြောင့် ကျွန်တော့်၏ မြင်ဆရာ၊ကြားဆရာ ဆရာ့သန်းထိုက်(ရွှေရိပ်)်ရေးသားထားသော ဒသန
ဆန်ဆန်စကားလေးများအား ကူးယူပြီး မိတ်ဆွေအပေါင်းတို့ မောပန်းနေကြသော ဘ၀အမောများနှင့်
အောင်မြင်လိုစိတ်များအား ကျွန်တော်ရဲ့ ယခုပို့စ်လေးနဲ့ အားပေးပါရစေ..

အကောင်းဆုံးဆိုတာ အဆိုးဆုံးကြုံလိုက်ပြီးတဲ့နောက်မှတွေ့တတ်ကြတယ်လေ..
ဒါပေမယ့် အတော်များများက အဆိုးဆုံးမှာတင် အားလျှော့လိုက်တော့ အကောင်းဆုံးဆိုတာ မကြုံလိုက်ဘူးပေါ့..
ဒီသဘောတရားကို စတင်သိသွားတဲ့နေ့ အောင်မြင်မှုနားချည်းကပ်နေပါပြီ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အကောင်းဆုံးလုပ်မယ်လို့တွေးပြီး လုပ်လိုက်သော်လည်း အဆိုးသာကြုံလာရင်လည်း အားမလျှော့သွားပါနဲ့ အကောင်းဆုံးဖြစ်အောင်သာဆက်လုပ်ပါ။
မထင်မှတ်လောက်အောင် အဆိုးကြီးမဖြစ်တော့တာကို တွေ့ရပါမယ်။
တကယ်တော့ အဆိုးနဲ့အကောင်းဆိုတာ တကယ့်နီးနီးလေးပါ ကျောကပ်ရပ်ပါပဲလေ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မိမိဘ၀ ဘာဖြစ်ချင်တယ်ဆိုတာ မသိသေးသ၍ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
အချို့ကတော့ ဘာဖြစ်ချင်တယ်ဆိုတာ သိနေသော်လည်း ဘာမှထမလုပ်သေးတော့ ဘာမှမဖြစ်လာသေးဘဲ ဒီတိုင်းပဲပေါ့ဗျာ
အချို့ကတော့ ဘာဖြစ်ချင်တယ်ဆိုတာ သိနေသော်လည်း ဘာမှထမလုပ်သေးတော့ ဘာမှမဖြစ်လာသေးဘဲ ဒီတိုင်းပဲပေါ့ဗျာ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
နားနေရင်း တကယ်နားသွားတာပါပဲ
>>>>>>>>>>>>>>>>>>>
လူတွေဟာ ပင်ပန်းတဲ့စိတ်၊ မောပန်းစိတ်တဲ့စိတ်၊ ငြီးငွေ့တဲ့စိတ်တွေကို အလွန်တရာ ရှေ့တန်းတင်တတ်ကြပါတယ်။ အမြဲလိုလို မောလိုက်တာ၊ ပင်ပန်းလိုက်တာကွာ၊ နေ့တိုင်းဆိုတော့ ငြီးငွေ့လာပြီကွာ စသဖြင့် နားလိုစိတ်ဖြစ်အောင် အခြေပြုမူတွေကိုစတင်တတ်ကြတယ်။
ဒါလေးကိုမဖြတ်ကျော်နိုင်တော့ နားလိုက်ကြတယ်ပေါ့။ နားစရှိသွားတော့ နောက်လည်း နားဖို့သာတွေးနေတော့တယ်။ တနင်္လာပဲရှိသေးတယ် တနင်္ဂနွေရုံးပိတ်ရက်အတွက်မျှော်နေသလိုပေါ့။
ဒါဟာအလွန်ဆိုးတယ်ဆိုတာ သိသိကြီးနဲ့ အဆိုးခံနေကြတာနော်။
ဟော...
နားနေရင်း နားနေရင်းနဲ့ ယှဉ်ပြိုင်ဘက်၊ တူပြိုင်ဘက်၊ လက်တွဲဘက်တွေက ကျော်တတ်သွားလေရော။
ဘာပြောမယ်ထင်လဲ.. သာသွားတဲ့သူကိုလေ..
အလကားကောင်ပါကွာ တဲ့....
တကယ်တော့ နားလိုက်တဲ့အချိန် ရလိုက်တဲ့ အရသာဟာ အောင်မြင်မှုတစ်ခုကို လျှာနဲ့ ရက်မိသလောက်တောင် ကောင်းမယ်မထင်ဘူးနော်....
အဲ့ဒီ့အောင်မြင်မှုတွေကို ၀ါးစားလိုက်ရရင် ဘယ်နဲ့နေပ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
နေ့တိုင်းထိတွေ့ရလို့ပြင်းလာပြီလား
>>>>>>>>>>>>>>>>>
လူအတော်များများဟာ နေ့စဉ်အလုပ်တွေ၊ စာဖတ်မှုတွေ၊ ကြိုးစားမှုတွေအပေါ် ငြီးငွေ့လာတတ်ပါတယ်။ မကြာခဏလည်းပြောတတ်ကြတယ်။ တကယ်တော့အဲ့ဒါဟာ အောင်မြင်မှု မရရှိခြင်းရဲ့ အဓိက ၁ပါ။
နေ့စဉ်စာသင်နေရလို့ ပျင်းလာတယ်၊ ငြီးငွေ့လာတယ်၊ နေ့စဉ်ကျောင်းတတ်နေရလို့ ပျင်းလာတယ် ငြီးငွေ့လာတယ်ဆိုရင် နေ့စဉ်စားရတဲ့ထမင်း ငြီးငွေ့ပြီး အငတ်ခံလိုက်ပါတော့လား။
အသက်ရှင်ဖို့ အဆာပြေဖို့ ထမင်းစားကြတယ်။
ဘ၀အတွက်အဆင်ပြေစေဖို့ အောင်မြင်တိုးတက်စေဖို့ ကြိုးစားကြရတယ်။
လူတော်တွေမှာ ပျင်းနေဖို့တောင် စဉ်းစားဖို့ အချိန်မရှိဘူးတဲ့။
ကျွန်တော့်ဝါဒတစ်ခုရှိတယ်။
" ပျင်းမနေနဲ့ ပျင်းရင်ဖျင်းမယ်၊ ဖျင်းရင်သုံးစားမရတော့ဘူး "

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Thiha Htike(THT)

Comments
Post a Comment