Jame Gosling ကို Java Programming Language ရဲ့ ဖခင်ကြီးလို့ လူသိများပြီး မေလ ၁၉ရက် ၁၉၅၅
မှာ မွေးဖွားပါတယ်။ကနေဒီယန်း ကွန်ပျူတာသိပ္ပံ ပညာရှင် တစ်ဦးပါ။ ၁၉၇၇ မှာ ကွန်ပျူတာ သိပ္ပံ ဘွဲ့ကို Calgary တက္ကသိုလ်ကနေ ရရှိခဲ့ပြီး
၁၉၈၃ ခုနှစ်မှာ Ph.D ဘွဲ့ကို Carnegie Mellon တက္ကလိုလ်ကနေ ရခဲ့ပါတယ်။
Mike Sheridan နဲ့ Patrick Naughtom တို့နဲ့ လက်တွဲပြီး Java language ကို ဇွန်လ ၁၉၉၁ မှာ စတင် ခဲ့ပါတယ်။
အစတုန်းက တော့ Java ကို စွဲဆောင်မှုကောင်းတဲ့ TV မှာ အသုံးချဖို့ ဖန်တီးခဲ့တာဖြစ်ပြီး ပထမတော့ Java လို့ အမည်မပေးဘဲ
Oak လို့ အမည်ပေးခဲ့ပါတယ်။ Jame Gosling ရဲ့ ရုံးခန်းအပြင်တနေရာမှာ ရှိနေတဲ့ Oak (၀က်သစ်ချပင်) ကို အစွဲပြုပြီးတော့ပေါ့။
ဒါပေမဲ့ နောက်ပိုင်း သူတို့ အမည်ကိုထပ်ပြောင်းပေးချင်လာတဲ့အခါမှာတော့ Java coffee (အင်ဒိုနီးရှား ဂျာဗားကျွန်းက ထွက်တဲ့ ကော်ဖီ) ကို အစွဲပြုပြီး
Java လို့အမည်ပေးခဲ့ပါတယ်။ သူတို့ အလုပ်လုပ်ရင်းသောက်လေ့ရှိတဲ့ ကော်ဖီကို အမှတ်တရပေးခဲ့တာဖြစ်နိုင်ပါတယ်။ Gosling ဟာ Javaကို
ပရိုဂရမ်မာတွေ ရင်နှီးကျွမ်းဝင်အောင်လို့ C/C++ တို့ရဲ့ စာလုံးပေါင်းတွေ ဟန်ပန်တွေကို မှီးယူခဲ့ပါတယ်။
၁၉၉၅ မှာ Sun Microsystems ကနေ Java 1.0 ကိုထုတ်ဝေခဲ့ပါတယ်။ ၁၉၈၄ ကနေ ၂၀၁၀ ခုနှစ်အထိ Jame Gosling ဟာ Sun Microsystems
နဲ့အတူ ရှိနေပြီး မတ်လ ၂၈ရက် ၂၀၁၁ မှာတော့ google က သူ့ကို ငှားရမ်းလိုက်ပြီလို့ သူ့ blog မှာ ကြေငြာပါတယ်။ဒါပေမဲ့ နောက် ၅လ အကြာမှာတော့
Liquid Robotics လုပ်ငန်းကို ၀င်ရောက်လိုက်ပြီလို့ဆိုပါတယ်။ ဇန်န၀ါရီ လ ၂၇ရက် ၂၀၁၀ မှာတော့ Sun Microsystems ရဲ့ ပိုင်ဆိုင်မှုများကို
Oracle ကော်ပိုရေးရှင်း ကနေ ၀ယ်ယူလိုက်တာဖြစ်တဲ့ အတွက် Java ဟာ အခုဆိုရင် Oracle ရဲ့ ပိုင်ဆိုင်မှုဖြစ်သွားပါတော့တယ်။
ref: wiki

Comments
Post a Comment