Java Programming နဲ့ C,C++ တို့ဆက်စပ်မှု


Java ဟာ C နဲ့C++ နှစ်ခု စလုံးနဲ့ တိုက်ရိုက် ဆက်နွယ်မှု ရှိပါတယ်။ C ကsyntax တွေကို အမွေ
ဆက်ခံပြီး Object model ကိုတော့ C++ကနေ ကူးပြောင်းယူပါတယ်။ Java နဲ့ C,C++ တို့ရဲ့ ဆက်နွယ်မှုမှာ အကြောင်းပြချက်တွေ အနည်းငယ်ရှိပါတယ်။ ပထမဆုံး အကြောင်းပြချက်ကတော့ Programmer အများစုဟာ C,C++ တို့ရဲ့ syntax တွေနဲ့ အကျွမ်းတ၀င် ရှိပြီးသားမို့ ဒီလို ဆက်ခံမှုက C,C++ သမားတွေကို Java လေ့လာရတာ ပိုလွယ်ကူစေပြီး Java သမားကလည်း C,C++ တို့ကို လေ့လာမယ်ဆို မခက်ခဲဘူးပေါ့။ ပြောရရင် java ကို ဖန်တီးတဲ့ designer တွေဟာ အစအဆုံး အသစ် ဖန်တီး ပစ်တာ မဟုတ်ဘဲ အရမ်းအောင်မြင်ပြီးသား programming language တွေရဲ့ ပုံစံတွေကို ပိုကောင်းအောင် ထပ်ဖြည့်လိုက် ပြင်ပစ်လိုက်တာပါပဲ။ခေတ်သစ် programming ရဲ့ အစက C နဲ့ စခဲ့တာ ပြီးတော့ C++ အခုတော့ Java ပေါ့။ ကြီးကျယ်ခမ်းနားတဲ့ အမွေအနှစ်တွေကို C နဲ့ C++ ဆိုတဲ့ ဆရာကြီး နှစ်ပါးကနေဆက်ခံထားတဲ့ Java ဟာ အခုဆိုရင် စွမ်းဆောင်ရည်အပြည့်အ၀နဲ့ အတိတ်က ပရိုဂရမ်ဆိုင်ရာ အတွေးအခေါ်တွေကော online နယ်ပယ်အရလိုအပ်တဲ့ အသစ်အသစ်တွေကော ပေါင်းထည့်လာနိုင်ပါတယ်။ ဖွံ့ဖြိုးလာပါတယ်။ဒီလို ဖြစ်လာရတဲ့ အဓိက အချက်ကတော့ ပရိုဂရမ်ရေးပြီး သက်မွေးဝမ်းကျောင်းပြုသူတွေအတွက် C,C++,Java တို့ရဲ့ တူညီတဲ့ အခြေခံ အချက်များ တည်ဆောက်ပုံဆက်စပ် တူညီမှုများကြောင့်ပါ။ ပရိုဂရမ်မာတွေဟာ တစ်ခုကနေ တစ်ခု ပြောင်းတဲ့အခါမှာလည်း အခက်ခဲ အကြီးကြီးတွေ မကြုံရတော့ဘူးပေါ့။
C,C++ တို့ရဲ့ အတွေးအခေါ်တွေ ခေါင်းထဲ ရှိပြီးသား ပရိုဂရမ်မာ တစ်ယောက်အတွက်ကတော့ Java နဲ့ အာဘွားပေးပြီးသားဖြစ်သွားပါမယ်။Java က အဲ့ အတွေးခေါ်တွေကို အမွေဆက်ခံပြီးသားလေ။
ဒါပေမဲ့ Javaရဲ့ internet ပိုင်းဆိုင်ရာ နယ်ပယ်က လုပ်ဆောင်ချက်တွေတော့ မပါဘူးပေါ့။ Javaကို အလွယ်ဆုံး အရိုးရှင်းဆုံး "C++ internet version" လို့ ပြောလို့ရမယ်။
အဲ Java မှာ C++ ရဲ့ လွှမ်းမိုးမှုတွေ ပါနေတယ် ဆိုပေမဲ့ C++ ကိုအကုန်ကူးချပြီး C++ကိုကောင်းအောင်လုပ်ထားတဲ့ version မျိုး မဟုတ်ဘဲ အရှေ့က ဆရာကြီးတွေရဲ့ နည်းနာ သဘောတရားကိုယူပြီး ကိုယ်ပိုင်ဟန်လေးနဲ့
ချီတက်နေတယ်ဆိုတာ အချိန်ကြာလာတာနဲ့ အမျှ သိသာလာမှာ ဖြစ်ပါကြောင်း။





ref :Oracle







Comments